ကျွန်းစုမြို့တွင် ကိုဗစ် -၁၉‌‌ ရောဂါ ဖြစ်ပွားပြီးသူများအား အလှူငွေများ ထောက်ပံ့

ကျွန်းစု အောက်တိုဘာ ‌၁

 တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီးသူများအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ငွေကျပ်(၃၀၀၀၀)ကျပ်စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ရာတွင် ဩဂုတ်လ(၁)ရက်နေ့မှ စက်တင်ဘာလ(၈)ရက်နေ့အထိ  ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိခဲ့သူများအနက် ထိခိုက်လွယ်အုပ်စုဖြစ်သော အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ အသက်(၅)နှစ်အောက် ကလေးသူငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များ စုစုပေါင်း(၆၄)ဦးရှိရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်ဦးလျှင် ငွေကျယ်(၃၀၀၀၀) ကျပ်စီ ဖြင့် ကံမော်ကျေးရွာမှ (၁၆)ဦး၊ မအိုင်ကျေးရွာမှ (၃)ဦး၊ သန္တုတ်ကျေးရွာမှ (၂)ဦး၊ သဇင်ကျေးရွာ မှ (၂)ဦး၊ မင်းခေါင်းဆေးကျေးရွာ(၁)ဦး၊ ဘန္ဒနဲကျေးရွာမှ (၁)ဦး၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီးသူ စုစုပေါင်း (၂၅)ဦးအား ပထမသုတ်ဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိနေသောသူများအား ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)