ပုလော အောက်တိုဘာ ၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ပိုးတွေ့ ရှိသူများနှင့် အောက်စီဂျင်လိုအပ်သူများကို အသုံးပြုရန်အတွက် လှူဒါန်းထားသည့် အောက်စီဂျင်စက်သည် ယမန်နေ့ ညနေ ၂နာရီက ပုလောမြို့သို့ ရောက်ရှိကြောင်း သိရသည်။
အောက်ဆီဂျင်စက်ကို တပ်ဆင်ရန် သယ်ယူနေမှုကို ပုလောမြို့လယ်ဝိုင်းကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘန္ဒန္တ ကောဝိဒနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တာ၀န်ရှိ သူများနှင့် ပရဟိတ အဖွဲ့ အစည်းများက ကြီးကြပ်ဆောင်ရွကလျက်ရှိသည်။
အောက်စီဂျင်စက်ရုံ လည်ပတ်အသုံးပြုနိုင်ရန်အတွက် မီးလိုင်းတပ်ဆင်ခြင်း၊ အောက်စီဂျင်ပစ္စည်းများ တပ်ဆင်ခြင်းကို ပညာရှင်များက သွယ်တန်းတပ်ဆင် ဆောင်ရွက် သွားမည် ဖြစ်ပြီး၊ အောက်စီဂျင်စက်သည် တစ်နေ့လျှင် လီတာ ၄၀ ၀င်အိုး ၁၀၀ မှ ၁၂၀ ခန့် ထွက်ရှိ မည်ဟု သိရသည်။
အဆိုပါ အောက်စီဂျင်စက်ကို ပုလောမြို့နယ်အတွင်းရှိ ကိုဗစ်−၁၉ ရောဂါ ပိုးတွေ့ ရှိသူများနှင့် အောက်စီဂျင်လိုအပ်သူများကို ကျန်းမာရေး စောင့်ရှောက်မှု ပြုရာတွင် အသုံးပြုနိုင်ရန်အတွက် ပုလောမြို့ လယ်ဝိုင်းကျောင်းတိုက်ဆရာတော်၊ နန်းတောင် ကျောင်းကြီး ဆရာတော် ဦးဆောင်မှုဖြင့် ရပ်ဝေးရပ်နီးမှ သံဃာတော် အရှင်သူမြတ်များ၊ စေတနာရှင် ပြည်သူများနှင့် ဌာနဆိုင်ရာများ က စုပေါင်း လှူဒါန်းမှု အားဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အေးအေးမော် (ပုလော)