မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပြီးသူ (၂၂၃၅)ဦး ရှိပြီဖြစ်

မိုင်းပျဉ်း အောက်တိုဘာ ၁   

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ထားသောဉီးတည်အုပ်စုများအား ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၀ ရက်နေ့မှ ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပြီးသူ (၂၂၃၅)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပြီးသူ(၂၂၃၅)ဦးတွင် သံဃာတော်များနှင့် သီလရှင်များ၊ လူမျိုး၊ ဘာသာမရွေး အသက် ၅၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊  နာတာရှည်ရောဂါ အခံရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းနှင့် အစားအသောက် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများ၊ စားသောက်ကုန်ပစ္စည်း၊ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သူများနှင့် ဒေသခံပြည် သူများ ပါဝင်ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကိုမြို့နယ်ကျန်းမာရေးဉီးစီးဌာနမှ ဝန်ထမ်း များက မြို့ပေါ်ရပ်ကွက်()ရပ်ကွက်ဖြစ်သော ပိန်းဆန်းရပ်ကွက်၊ အောက်ဈေးတန်းရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်မှ ပြည်သူများအား မြို့နယ်ဓမ္မာရုံတွင်လည်းကောင်း၊ ကျေးလက်နေ ပြည်သူများအား ကျေးရွာအုပ်စုအလိုက် သက်ဆိုင်ရာကျေးလက်ဆေးပေးခန်းများနှင့် သတ်မှတ် စုရပ်များတွင်လည်းကောင်း ကွင်းဆင်း၍ လိုက်လံထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)