မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ငါးဦး ဆေးရုံဆင်းခွင့်ရသဖြင့် စုစုပေါင်း ဆေးရုံဆင်းသူ ၃၃၇ ဦးအထိရှိလာ

မိုင်းယောင်း အောက်တိုဘာ ၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စက်တင်ဘာ ၃၀ ရက်က ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ငါးဦးအား ဆေးရုံဆင်းခွင့်ပြုခဲ့ရာ စုစုပေါင်း ဆေးရုံဆင်းခွင့်ရသူ ၃၃၇ ဦးအထိ ရှိလာကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ဇူလိုင် ၅ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ အတည်ပြုလူနာ ၄၆၅ ဦး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရသူ ၃၃၇ ဦး၊ သုံးဦး သေဆုံးပြီး လက်ရှိတွင် အတည်ပြုလူနာ ၁၂၅ ဦး ကျန်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရသူများသည် မိမိတို့နေအိမ်တွင် ခုနစ်ရက်ကြာ အသွားအလာ ကန့်သတ်နေထိုင် ရမည်ဖြစ်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက် ကြရမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း