ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉​ ရောဂါအန္တရာယ် ကင်း​ဝေး​စေ​ရေးအတွက် ပရိတ်တရား​တော်များ ရွတ်ဖတ်ပူ​ဇော်

ကြည့်မြင်တိုင် စက်တင်ဘာ ၁

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ​ရောဂါ ကင်း​ဝေး​စေ​ရေးအတွက် ယ​မန်နေ့ နေ့လယ် ၃ နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ လမ်းများ တွင် ပရိတ်တရား​တော်များ ရွတ်ဖတ်ပူ​ဇော်ခဲ့​ကြောင်း သိရှိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင် ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ပြည်သူများမှ ကိုဗစ်-၁၉ ​ရောဂါ အန္တရာယ်မှ ကင်း​ဝေး​စေ​ရေးနှင့် ဘေးအန္တရာယ် အ​ပေါင်းမှ ကင်း​ဝေး​စေ​ရေးအတွက် မြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာ​တော်ကြီး ဦးပညာ​တေဇနှင့် အဖွဲ့ဝင် ဆရာ​တော်ကြီးများသည် မြို့နယ်အတွင်းရှိ လမ်းမများ၊ ရပ်ကွက်အတွင်း လမ်းများတွင် ပရိတ်တရား​တော်များကို မော်​တော်ယာဉ်ဖြင့် လှည့်လည်ရွတ်ဖတ်ခဲ့​ကြောင်း သိရှိရသည်။

အဆိုပါ ပရိတ်တရား​တော်များ ရွတ်ဖက်ပူ​ဇော်ရာတွင် မြို့နယ်ကိုဗစ်-၁၉​ ရောဂါ ကာကွယ် ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုန့်ပြန်​ရေး​ကော်မတီဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးဇာနည်ဝင်းနှင့် အဖွဲ့ဝင်များ၊ နယ်​မြေရဲဆိုင်ကယ်လှည့်ကင်းအဖွဲ့၊ ယာဉ်ထိန်းဆိုင်ကယ် လှည့်ကင်း အဖွဲ့မှ ပါဝင်ကုသိုလ်ပြု​ဆောင်ရွက် ခဲ့​ကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)