သရက်ချောင်းမြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ဒုတိယနေ့ အရှိန်အဟုန်မြှင့်ဆောင်ရွက်

သရက်ချောင်း စက်တင်ဘာ  ၁

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် မြို့အဝင်ဝတွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု Mask Campaignအဖြစ် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေခြင်းကို ယမ်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်−၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းထွန်း ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် လမ်းသွားလမ်းလာပြုလုပ်သူတိုင်း အပြင်ထွက်လျှင် mask တပ်ဆင်ရေးအတွက် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ရမည်ဖြစ်ကြောင်း၊ တပ်ဆင်ခြင်းမရှိပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းအား အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သရက်ချောင်း(ပြန်/ဆက်)