ဝိုင်းမော်မြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ဝိုင်းမော်   စက်တင်ဘာ   ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးပြီး မြို့နယ်ဌာနဆိုင်ရာ များပူးပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဆမားခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြည်နယ်သံဃာနာယကအဖွဲ့ဝင်၊ အင်းလေးကျောင်းဆရာတော်ဘနန္ဒ ဦးဓမ္မနန္ဒအမှူးပြုသော ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကာ ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြ သည်။

ဆက်လက်၍ ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်နာယူကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ဆရာတော်များထံ ဝါဆိုသင်္ကန်း၊ ဆန်၊ ဆီ လှူဖွယ်ရာပစ္စည်းများနှင့် နဝကမ္မအလှူ ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စီရံတိဌတု(၃)ကြိမ် ရွတ်ဆိုပြီး ဘုရားကန်တော့ကာ ရုပ်သိမ်းလိုက်ပြီးဆရာတော် သံဃာတော် များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ခိုင်သက်မွန်(ပြန်/ဆက်)