မဘိမ်း စက်တင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် အတွက် နှာခေါင်းစည်း (Mask) များကို ယနေ့နံနက် ၇ နာရီခွဲအ ချိန်က ကုန်းခါးရပ်ကွက် လမ်းဆုံပန်းခြံတွင် လမ်း သွား လမ်းလာ ပြည်သူများအား အခမဲ့ဖြန့်ဝေပေး ပြီး နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်သွားလာကြစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစရေန်အတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေပေးခြင်း၊ လူစုလူဝေး ရှိသည့်နေရာများကို မလိုအပ်ဘဲ သွားလာ ခြင်း မပြုရန်၊ သတ်မှတ်အကွာ အဝေးအတိုင်း နေထိုင်ကြစေရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို စနစ်တကျလိုက်ဆောင်ရွက်ကြရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး နှာခေါင်းစည်း Mask (၅၀၀)ခုကို အခမဲ့ဖြန့်ဝေပေးကာ လူစည်ကားသောနေရာများတွင်လည်း ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)