အမြို့မြို့အနယ်နယ်သတင်းများ

Sep 29,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် သာယာကုန်းကျေးရွာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှင့်(၈၅)နှစ်အတွင်း သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနေလင်းထက်နှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လည် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Sep 29,2020
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူး စက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ပြည်သူများအနေ ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများနှင့်အညီ လိုက်နာကျင့်သုံးနေထိုင်စေရန်၊ ပြည်သူများ နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်အတိုင်း မိမိတို့၏ နေအိမ်တွင်သာ နေထိုင်ကြရန်၊ အရေးပေါ်အကြောင်းကိစ္စမရှိဘဲ နေအိမ်ပြင်ပသို့
Sep 29,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကိုကိုးကျွန်း မြို့နယ်မှအပ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအားလုံး မိမိအိမ်တွင်သာ နေထိုင်ကြရန် အကျုံးဝင်ကြောင်း ထုတ်ပြန်ထားမှုကြောင့် ရန်ကုန် တောင်ပိုင်းခရိုင် ခရမ်းမြို့တွင် ယနေ့ နေ့လည်ပိုင်း၌ ယာဉ်နှင့်လူအသွားအလာ နည်းပါးလျက်ရှိကြောင်း သိရသည်။
Sep 29,2020
ကိုဗစ်-၁၉ ကူးစက် ရောဂါ ဖြစ်ပွားမှု ​ကြောင့် ​ကျေးလက် ​နေပြည်သူများ ကြုံ​​တွေ့ရ​သောစီးပွား​ရေးအခက်အခဲများ ​ဖြေရှင်းနိုင်ရန်အတွက် ကိုဗစ်-၁၉ကာလစီးပွား​ရေးကုစားမှု အစီအစဉ် (CERP) အရ ​ကျေးရွာမတည်ရန်ပုံ​ငွေ (Type-1)ရှိ​ကျေးရွာတစ်ရွာလျှင် ​ငွေ သိန်း(၃၀၀) ဖြင့်​ကျေးရွာ (၇)ရွာအတွက်​ငွေကျပ်(နှစ်​ထောင့်တစ်ရာသိန်းတိတိ)ဖြင့်လည်း​ကောင်း၊ (Type-2)ရှိ​ကျေးရွာတစ်ရွာလျှင် သိန်း(၂၀၀)စီဖြင့်​ကျေးရွာ၂ရွာအတွက် ​ငွေကျပ်(သိန်းလေးရာတိတိ)၊ (Type-3)မှ​ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀)စီဖြင့်​ ကျေးရွာ​၄ရွာအတွက်​ငွေကျပ်သိန်း (လေးရာ တိတိ)ဖြင့်​ ​ကျေးရွာ ​ပေါင်း ၁၃ ရွာ၌စီမံကိန်းရန်ပုံ​ငွေ​ပေါင်းကျပ်(သိန်းနှစ်​ထောင့်ကိုးရာ တိတိ)ကို​ကျေးရွာ​ကော်မတီထံသို့ လွှဲ​ပြောင်း​ပေးအပ်ကာ ​ဒေသခံပြည်သူများ၏ အ​သေးစား၊ အငယ်စား စီးပွား​ရေး လုပ်ငန်း များကို​ဆောင်ရွက်​ပေးခဲ့ရာ စက်တင်ဘာလ ၂၈ ရက်​နေ့တွင် အဆိုပါ လုပ်ငန်း များ မှာ ရာနှုန်း ပြည့်​ဆောင်ရွက်ပြီးစီးသွားပြီဖြစ်​ကြောင်းသိရသည်။
Sep 29,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် ယမန်နေ့ မွန်းလွဲ (၁) နာရီကျော်ခန့်၌ လူနေအိမ် (၁) လုံးမီးလောင်မှု ဖြစ်ပွားကြောင်း သိရှိရသည်။
Sep 29,2020
ရန်ကုန်‌‌ ‌မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့ဦးစေတီ   သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 29,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ စိုက်ပျိုးထားသော မြို့ပေါ်အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်ရှိ မျိုးစေ့ထုတ်စိုက်ခင်း များတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခြင်း (Activities of Field Inspection)ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 29,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်-၅ ရပ်ရွှေစည်းခုံစေတီတော်ကြီး ၏ တောင်ဘက်စောင်းတန်းခေါ် မေတ္တာစောင်းတန်းကြီး၏ ဘင်းထုပ်ကျိုးကျမှု ယနေ့နံနက် ၆နာရီခွဲအချိန်က ကျိုးကျခဲ့ကြောင်း ရွှေစည်းခုံဘုရားဂေါပက ဥက္ကဋ္ဌ ဦးကျော်မြင့်ထံကသိရသည်။