Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သီပေါတွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်
Oct 01,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယနေ့ နံနက်(၉)နာရီခွဲအချိန်က ရပ်ကွက်နှင့် ကျေးရွာများမှ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ၂၀၂၀ပြည့်နှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲ အတွက် မဲရုံလုံခြုံရေးအထူးရဲသင်တန်းဖွင့်လှစ်
Oct 01,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် မဲရုံလုံခြုံရေးအထူးရဲသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈နာရီအချိန်က အ.ထ.က(၁)ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင် တန်း ဖ…
Oct 01,2020
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်တွင် ၂ဝ၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့ ၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် ပြည်သူများစိတ်ချလုံခြုံစွာမဲပေးနိုင်ရေးအပါအဝင်လုံခြုံရေးတာဝန်ထမ်းဆောင်မည့်သူများကို အထူးရဲသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက် ၉ နာရီ အချိန်က ဝက်လက်မြို့အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Stay at Home ကာလအတွင်း မလိုအပ်ဘဲ နယ်မြေကျော်သွားလာခြင်းမရှိစေရန် တားမြစ်စစ်ဆေးခြင်းများ အရှိန် အဟုန်မြှင့်ဆောင်ရွက်
Oct 01,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံး (ကိုကိုးကျွန်း မြို့နယ်မပါ)တွင် နေထိုင်သူများအနေဖြင့် Stay at Home အဖြစ် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို ထိထိရောက်ရောက် လိုက်နာစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၉)နာရီက နယ်မြေကျော်သွားလာခြင်းမရှိစေရန် စစ်ဆေးခြင်းကို ရန်ကုန်မြောက်ပိုင်း ခရိုင် လှည်းကူးမြို့နယ် ကျွန်းကလေးတိုးဂိတ်နှင့် အ.ထ.က(လှည်းကူး)ကျောင်းရှေ့တို့တွင် ပူးပေါင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ဖယ်ခုံမြို့နယ်၌ အထူးရဲတပ်ဖွဲ့ဝင်များလုပ်ငန်းခွင်သင်တန်းဖွင့်ပွဲ ကျင်းပ
Oct 01,2020
ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန်များ ဆောင်ရွက်မည့် အထူးရဲတပ်ဖွဲ့ဝင်များ လုပ်ငန်းခွင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဖယ်ခုံမြို့အထက(၁)ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွေးစမှ (၁) နှစ်ခွဲထိ ရင်သွေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Oct 01,2020
မွေးစမှ(၁)နှစ်ခွဲထိ ရင်သွေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက အောင်မြေသာစံ မြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ လမ်း ၂၀ နှင့် ၈၂ လမ်းထောင့်ရှိ တဝဂူဘုရားအတွင်း၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်ပွဲကျင်းပ
Oct 01,2020
ပဲခူးမြို့၊ အမှတ်(၂)ရဲတပ်ဖွဲ့စခန်းမှ ကြီးမှူးပြီး ယနေ့ နံနက် ၈ နာရီခွဲက ပဲခူးမြို့ မဇင်းရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်းတွင် အမှတ်(၂)နယ်မြေ ရဲစခန်းအပိုင် တွင် တာဝန်ထမ်းဆောင်မည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးPositive ၇ ဦး တွေ့ရှိ၍ မြို့နယ်ပြည်…
Oct 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်တွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ ပုလဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါပိုး Positive ၇ဦး တွေ့ရှိ၍ မြို့နယ် ပြည်သူ့ဆေးရုံ၌ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း မြို့နယ် COVID -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25321
Page
25322
Page
25323
Page
25324
Current page
25325
Page
25326
Page
25327
Page
25328
Page
25329
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department