အမြို့မြို့အနယ်နယ်သတင်းများ

Sep 13,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများနှင့် လူသေဆုံးမှုများရှိလာသဖြင့် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် အတွက်မြန်မာ ဘာသာအပြင်၊ စကောကရင်လူမျိုးအများစုနေထိုင်သော ရပ်ကွက်အစုများတွင် စကောကရင်ဘာသာ​ဖြင့် အသိပညာပေးနှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၃နာရီအချိန်က မြို့အတွင်းရှိ ရပ်ကွက်များ၌လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
Sep 13,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ ဗိုလ်ချိုဈေးပတ်ဝန်းကျင် ရေစီးရေလာကောင်းစေရေးအတွက် မြို့ စည်ပင်သာယာရေး အဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် ရေဆိုးမြောင်း တူးဖော်မှုလုပ်ငန်းများ စက်တင်ဘာ(၁၃)ရက် နေ့တွင် လုပ်ငန်းအားလုံးပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရ သည်။
Sep 13,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ ကိုးနဝင်းဘုန်တော်ကြီး ကျောင်း နှင့်အာလောကာရာမကျောင်းတိုက်တို့တွင် သီတင်းသုံးနေကြသော သံဃာ တော်များ၊သီလရှင်များနှင့်ရပ်ဝေးမှ လာရောက်ပညာသင်ကြားနေကြသည့် ကျောင်း သား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ၊မရှိ သိရှိနိုင်စေရန်အတွက် RDT Test kit ဖြင့်စစ်ဆေးပေးခြင်းကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ကမမောင်းမြို့ကြက်ခြေနီ အဖွဲ့ခွဲငယ်မှ တပ်ဖွဲ့ဝင်များပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
Sep 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခဲ့သူများကို ယနေ့ နေ့လယ် ၁၂ နာရီက အ-ထ-က(လှည်းကူး)တွင် သတ်မှတ်ပေးထားသည့် နေ့ရက်များအလိုက် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
Sep 12,2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ငွေသာခန်းမတွင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိုက်ပျိုးရေးဆိုင်ရာသွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရှိရသည်။
Sep 12,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးအတွင်း ဆေးရုံဘေး ပတ်ဝန်းကျင် နေရာသန့်ရှင်းသာယာလှပရေး၊ ရေနှတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး အတွက် မြို့နယ်အဆင့်ဌာန ဆိုင်ရာများပူးပေါင်းကာ  ယမန်နေ့ နံနက် ၈ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် ခရိုင်ပြည်သူဆေးရုံကြီးအတွင်းအပြင်နေရာများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Sep 12,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ OSS ခန်းမနှင့် ဆားလင်းကြီး(အ.ထ.က)ရှိ ပန်းမြတ်သဇင်ခန်းမ၌ ယနေ့ နံနက် ၈ နာရီအချိန်က စတင်၍ ရပ်ကွက်နှင့်ကျေးရွာများမှ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခဲ့သော အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးစာပေးအုပ်စုအလိုက် သတ်မှတ်ထားရှိသူများအား မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။
Sep 12,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက်အတွင်း ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိမှုများနေသဖြင့် စက်တင်ဘာလ(၄)ရက်မှစ၍ Lock Down ချထားပြီးစောင့်ကြပ်ကြည့်ရှု ပေးနေသော ရွှေလိပ်ပြာလမ်း၊ တိုးချဲ့(၂)လမ်းနှင့်တိုးချဲ့(၃)/(၄)/(၅)လမ်းတို့အတွင်းမှ ကိုဗစ်ရောဂါ အတည်ပြုလူနာနှင့်ထိပ်စပ် သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ လက္ခဏာမပြဘဲ သာမန်လူများ ကဲ့သို့ သွားလာလှုပ်ရှားနေခြင်းဖြင့် အခြားသူများထံ ရောဂါပိုးဆက်လက်ပြန့်ပွား ကူးစက်နိုင် သဖြင့် ရောဂါပိုးရှိနေသူများအား စစ်ဆေးဖော်ထုတ်ပြီး ရောဂါကွင်းဆက်ဖြတ် တောက်နိုင်ရေး အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အစီအမံဖြင့် လူ(၉၅)ဦးအား ကိုဗစ်ရောဂါပိုးရှိ/မရှိ RDT Test-Kit ဖြင့် စစ်ဆေးပေးခြင်းအား ယနေ့ နံနက်၁၀နာရီမှ၁၂နာရီအထိ ကျန်းမာရေး ဆရာမများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။