ရွှေတောင်မြို့နယ်၌ စာပေချစ်သူများအသင်း (Book Club) စာဖတ်ဝိုင်းကျင်းပ

ရွှေတောင် သြဂုတ် ၁၇

ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းပြီး စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် ပြန်/ဆက်ဦးစီးမှူးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် စာပေ မြတ်နိုးသူများအသင်း(Book Club)ဥက္ကဌ စာရေးဆရာမ အေပရယ်ယုနိုင်က စာပေဝါသနာရှင်ကနေ ထူးချွန်သော စာပေပညာရှင်များ ပေါ်ပေါက်စေရန် ရည်ရွယ်ပါကြောင်းနှင့် မည်သူမဆို လာရောက်ဆွေးနွေးနိုင်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာအောင်သင်း၏ ရည်မှန်းချက်နှင့်ပြသနာအထွေထွေ စာအုပ်ကို အသင်း ဥက္ကဋ္ဌနှင့် စာရေးဆရာမ ခိုင်လေး(ရွှေတောင်)၊ စာပေချစ်မြတ်နိုးသူအသင်းဝင်များ၊ စာပေ ဝါသနာရှင်များက ဆွေးနွေးခဲ့ကြပြီး အကောင်းဆုံး ဆွေးနွေးနိုင်သူများကို အမှတ်တရ စာအုပ် လက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရသည်။

ကိုကိုမင်း(ပြန်/ဆက်)