မိုးညို သြဂုတ် ၁၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညို မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာတွင် ဧရာဝတီမြစ် လက်တက် ကမ်းပြိုခြင်း ဖြစ်ပွားသဖြင့် မြစ်ကမ်းပါးအနီး နေထိုင်သည့် (၄)ပင် သွပ်မိုး/ပျဉ်ထောင်အိမ်(၁)လုံးနှင့် မဟာရွှေခဲ ဘုန်းတော်ကြီးကျောင်းမှ ဆွမ်းစားကျောင်းဆောင်နှင့် ကုဋီအိမ်သာ(၂)လုံးတွဲတို့အား သြဂုတ်လ(၁၅)ရက်နေ့တွင် ဖြိုဖျက်၍ ကမ်းလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရသဖြင့် ယမန်နေ့မွန်းလွဲ(၁)နာရီက ကျေးရွာအရောက် သွားရောက်ထောက်ပံ့ ခဲ့သည်။
အဆိုပါ ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့ ဆွမ်းစားကျောင်းဆောင်နှင့် ကုဋီ အိမ်သာ(၂)လုံး အတွက် ကျောင်းဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀၀၀၀)ကျပ်၊ ပြောင်းရွှေ့ နေအိမ် တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ အိမ်ထောင်စုတစ်စုရှိ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၆၃၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၀၆၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး တစ်အိမ်ထောင်စာအား မိုးညို မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့တို့နှင့်အတူ ပြည်သူ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
ကိုမင်း(မိုးညို)