ပေါင်းတည်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရေးအတွက် ကြိုတင် စာရင်းများ ပေးသွင်းနိုင်ကြောင်း အသိပေးနှိုးဆော်

ပေါင်းတည်   သြဂုတ်    ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပုံမှန်ဆေးထိုးဆေးတိုက အစီအစဉ်တွင် မြို့ပေါ် (၁၂) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၄)အုပ်စုရှိ ကျေးရွာပေါင်း ၂၄၄ရွာရှိ ၁.၈.၂၀၁၀ ခုနှစ်မှ ၁.၈.၂၀၁၁ ခုနှစ်မွေးဖွားသူ (တစ်နည်းအားဖြင့် အသက် ၉ နှစ်မှ ၁၀ နှစ် ပြည့်ပြီးသူ) အမျိုးသမီးများအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်အတွင်းရှိ ပြည်သူများသိရှိနိင်ရန် အသိပေး နှိုးဆော်လျက် ရှိကြောင်း သိရှိရသည်။

အဆိုပါ ပုံမှန်ဆေးထိုးနှံရေး အစီအစဉ်တွင် ကျန်လပ်မှု မရှိစေရေးအတွက် စာရင်း ကောက်ယူ သွားမည်ဖြစ်ရာ ပေါင်းတည် မြို့နယ် အတွင်းရှိ မိဘပြည်သူများအနေဖြင့် မိမိတို့၏ သမီးငယ် များ၏ အမည်စာရင်းအား နီးစပ်ရာ ကျေးလက် ကျန်းမာရေးဌာန/ဌာနခွဲများတွင် လာရောက် စာရင်းပေးသွင်းကြရန် အသိပေးနှိုးဆော်ထားကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရှိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)