စစ်ကိုင်းဒေသကြီး တမူးမြို့တွင် သားအိမ်ခေါင်း ကင်ဆာကာကွယ်​ဆေးထိုးနှံခြင်းကို စက်တင်ဘာ(၉)ရက်နေ့မှ စတင်၍ ထိုးနှံပေးမည်

တမူး သြဂုတ်၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့တွင် ကျန်းမာရေးဦးစီးဌာနမှ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဥ်တွင်သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး Human Papilloma Virus (HPV) ကို စက်တင်ဘာ(၉)ရက်နေ့မှစတင်၍ ထည့်သွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ထိုးနှံခြင်း အစီအစဥ်တွင် (HPV)ကာကွယ်ဆေးထိုးရန် အကျုံးဝင်သည့် ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်း မွေးဖွားသော အမျိုးသမီးငယ်များ တစ်နည်းအားဖြင့် အသက်(၉)နှစ်မှ (၁၀)နှစ် မကျော်လွန်သေး သည့် အမျိုးသမီးငယ်များ ၏ စာရင်းများကို သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပူးပေါင်းပြီး မြို့နယ်အတွင်းတွင် လိုက်လံ နိုးဆော်လျက်ရှိကြောင်း၊မိဘများအနေဖြင့် မိမိတို့၏သမီးငယ်များအား ကျန်ရှိမှုမရှိစေရေးအတွက် သြဂုတ်လ(၁၈)ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာ ကျန်းမာရေးဌာနများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ရာအိမ်မှူးများထံ စာရင်းပေးသွင်းနိုင်ရန် နိုးဆော်ထားကြောင်း မိခင်နှင့်ကလေး ကျန်းမာရေး ဌာနမှ တာဝန်ခံ ဒေါ်ကျင့်လမ်းကျိန် ထံမှသိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)