အမြို့မြို့အနယ်နယ်သတင်းများ

Oct 01,2020
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ နောက်ဆုံးအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက်ပိုင်းမှ စတင်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများကို ဒုတိယအကြိမ် ထုတ်ပြန်ကြေညာလျက်ရှိကြောင်း သိရသည်။
Oct 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် လူမှုဝန်ထမ်းဦးစီးဌာနက ငွေပဒေသာပင်စိုက်ထူလှူဒါန်းခြင်း အခမ်း အနားကို အောက် တိုဘာလ(၁)ရက်နေ့ နံနက်(၁၀)နာရီက သီရိမင်္ဂလာဘိုးဘွားရိပ်သာ၌ ကျင်းပ၍ စိုက်ထူ လှူဒါန်းခဲ့သည်။
Oct 01,2020
ကမ္ဘာ့နိုင်ငံများတွင်သာမက မြန်မာနိုင်ငံတွင်ပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်မားလာသဖြင့် ရန်ကုန် မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် နေ့စဉ် နံနက်(၉)နာရီမှ စတင်ကာ အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော် လျက်ရှိကြောင်း သိရ သည်။
Oct 01,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊အလုံမြို့နယ်၊သစ်တောရပ်ကွက်ရှိအထက(၇)ကျောင်း၌ဖွင့်လှစ်ထားရှိသောCommunity Based Facilities Quarantine Centre သို့ယနေ့မွန်းလွဲပိုင်းအချိန်က အလှူငွေများလာရောက် လှူဒါန်းခဲ့ကြသည်။
Oct 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်အတွင်းရှိမဲရုံးများတွင် လုံခြုံရေး တာဝန်ထမ်းဆောင်နိုင်ရန် အထူးရဲသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့တော် ခန်းမတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
Oct 01,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက်ပိုင်းမှစတင်ကာ ကပ်ထားကြေညာထားကြောင်း သိရသည်။
Oct 01,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာများ ထားရှိရန်အတွက် အ.ထ.က(မြို့မ)ကျောင်း၌ ယာယီဆေးရုံဖွင့်လှစ် နိုင်ရေးအတွက် ယမန်နေ့ နံနက် ၈ နာရီအချိန်က ပြင်ဆင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 01,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဆိပ်မကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းတွင် ယနေ့နံနက်(၉)နာရီမှစတင်၍ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လုံခြုံရေး ဆောင်ရွက်ကြမည့် အထူးရဲတပ်ဖွဲ့ဝင်များအား အထူးရဲသင်တန်း စတင် ဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရသည်။