ရန်ကုန် ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ United Amara Bank မှ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း မိသားစု စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ရည်ရွယ်၍ ဘဏ်၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ပုံမှန်ဝင်ငွေမရှိသော ပြည်သူများအား ဆန်(၃)ပြည်စီ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၉)နာရီက အဆိုပါဘဏ်မှ တာဝန်ရှိသူများက လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ထိုကဲ့သို့ထောက်ပံ့လှူဒါန်းပေးရာတွင် ရပ်ကွက်(၁၆) ရပ်ကွက်၌ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စု စာရင်းများအား ကောက်ယူ၍ တစ်အိမ်ထောင်လျှင် ဆန်(၃)ပြည်နှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စုပေါင်း (၄၀၀)တို့ အတွက် ရပ်ကွက်နေ ပြည်သူများ လက်ဝယ်အရောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင်လည်း ဆက်လက်ထောက်ပံ့ပေးအပ် လှူဒါန်း ခဲ့ ကြောင်း သတင်းရရှိသည်။
ကြည်ဇေသော်(ပြန်/ဆက်)