Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နမ္မတူမြို့နယ်ရှိ (IDP)စခန်း (၃)ခုရှိ အသက် (၆)လမှ (၅)နှစ်အောက် တိုက်ပွဲရှောင်ပြည်သူ ကလေးငယ်များအား လက်မောင်းလုံးပတ်တိုင်းတာ၍ အာဟာရချို့တဲ့မှု ဆန်းစစ်ခြင်း ဆောင…
Oct 08,2020
အာဟာရချို့တဲ့မှုဖော်ထုတ်၍ မိခင်များမှရင်သွေးငယ်များ၏ အာဟာရလိုအပ်ချက်ကို ပြည့်မီအောင်ရရှိစေရန်၊ ပြင်ဆင်ကျွေးမွေးတတ်စေရန် ရည်ရွယ်၍ နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပြည်နယ် အာဟာရလေ့ကျင့်ကွတ်ကဲရေးအဖွဲ့တို့ ပူးပေါင်း၍ နမ္မတူမြို့နယ် (IDP) စခန်း (၃)ခုရှိ အသက် (၆)လမှ (၅)နှစ်အောက် တိုက်ပွဲရှောင် ပြည်သူကလေးငယ်များအား လက်မောင်းလုံးပတ်တိုင်းတာ၍ အာဟာရချို့တဲ့မှု ဆန်းစစ်ခြင်းကို အောက်တိုဘာလ (၇)ရက်နေ့ နေ့လယ်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP) စခန်း ၊ ကချင် (IDP) စခန်း နှင့် လီဆူး (IDP) စခန်း တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်းမြို့နယ်တွင် အသက်(၈၀)နှစ်ပြည့်ပြီး(၈၅)နှစ်အောက်ရှိသော သက်ကြီးဘိုးဘွား(၄၄)ဦးအားတစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၃၀၀၀၀)ပေးအပ်
Oct 08,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ အသက်(၈၀)နှင့်(၈၅)နှစ်ကြား ဘိုးဘွားများ အား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွား ရောက် ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျေးသီးမြို့နယ်၌ ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေး စစ်ဆေးဆောင်ရွက်
Oct 08,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်မှု မရှိစေရေးအတွက် မြို့အဝင်/အထွက် ကျန်းမာရေး ပူးပေါင်း စစ်ဆေးရေးဂိတ်များ၌ ယနေ့ နံနက်(၁၁)နာရီက မော်တော်ယာဉ်များ နည်းလမ်း တကျ ဝင်/ထွက် သွားလာနိုင်ရေး စိစစ်ကြီးကြပ်ရေးကော်မတီဝင်များက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင် ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်မှထုတ်ဝေသည့် ပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေ
Oct 08,2020
ပြည်ထောက်စု ရွေးကောက်ပွဲ ကော်မရှင်မှထုတ်ဝေသော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်သော အသိပညာပေးလက်ကမ်းစာစောင်များ၊ပိုစတာများကို ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့ နေ့လည် ၁ နာရီ က တရနာကျေးရွာ မြို့မစျေးနှင့် ဂျိုင်းမြစ်ကမ်းနားလှေဆိပ်တို့၌ သွားလာနေကြ သည့် ခရီးသွားပြည်သူများနှင့် စျေးသည်များထံအသိပညာပေး၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (၁၃)ခုတွင်ဝင်ရောက်နေသူ (၄၃၀)ဦး ထိရှိ
Oct 08,2020
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ မရှိစေရေးအတွက် ဓာတ်ခွဲအတည်ပြုလူနာများနှင့်
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်ကာလအခြေခံပြည်သူများအား စားသောက်ကုန်ပစ္စည်းများသန်လျင်၌ထောက်ပံ့ပေးအပ်
Oct 08,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်ကာလ စားဝတ်နေရေး အခက်အခဲ ရှိသော သက်ကြီးအဖိုး အဖွားများနှင့် အခြေခံပြည်သူများအား We Love Yangon ၏စီစဉ်ပေးမှုဖြင့် We Love Thanlyinအဖွဲ့နှင့် လူမှု့အသင်း အဖွဲ့များက အိမ်တိုင် ရာရောက် ထောက်ပံ့ ပေးခဲ့သည်။ ယင်းသို့ထောက်ပံ့ ပေးရာတွင် အိမ်ထောင်စု(၁၀၀)အတွက်တစ် အိမ်ထောင်လျှင်ဆန်(၆)ပြည်၊ နေကြာဆီ(၅၀)သား၊ ကြက်ဥ(၁၀)လုံး၊ငါးသေတ္တာဘူး(၄)ဘူး၊ ခေါက်ဆွဲခြောက်(၁၀)ထုပ်စီ ထောက်ပံ့ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းငေါ့မြို့၌ ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များပြသ
Oct 08,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် မြေစိုက်နံရံကပ်သီးသန့်ပြဘုတ်ဖြင့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်ပိုစတာများကို ယနေ့ နံနက်ပိုင်းမှစတင်၍ ပြသထားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ သိကောင်းစရာရုပ်ပုံများနှင့် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ကျောက်မဲမြို့၏ လူစည်ကားရာ ဈေးအနီးရှိ မြေစိုက်ပြဘုတ်တွင် ပြသထား
Oct 08,2020
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများနှင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ကျောက်မဲမြို့၊ ဗဟိုဈေးကြီးအနီးရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ မြေစိုက်ပြဘုတ်တွင် ပြသထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25271
Page
25272
Page
25273
Page
25274
Current page
25275
Page
25276
Page
25277
Page
25278
Page
25279
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department