Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သနပ်ပင်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်နှင့်ပိုစတာများဖြန့်ဝေ
Oct 08,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျရောက်သော ပါတီစုံဒီမိုကရေစီအထွေးထွေးရွေးကောက်ပွဲအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ထုတ်ဝေသော ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်၊ပိုစတာများဖြန့်ဝေခြင်းကို အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၉ နာအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန၊ မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများမှပြည်သူများလက်ဝယ်အရောက်ဖြန့်ဝေခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Oct 08,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆိုင်ရာ သိကောင်းစရာများကို ပြည်သူအများ လေ့လာ သိရှိနိုင်စေရန် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း များနှင့် အမှတ်(၃)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးမှ တာဝန်ရှိသူများ ပူးပေါင်း၍ယနေ့ နံနက် (၁၀)နာရီက လူစည်ကားရာလမ်းဆုံလမ်းခွနေရာ၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာ ပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်တွင် Mask နှာခေါင်းစည်းတပ်ဆင်မှု မရှိသည့်သူများကိုဒဏ်ငွေ ပေးဆောင်စေခြင်းနှင့် Mask campaign ဆောင်ရွက်
Oct 08,2020
ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မြန်ဆန်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ဆိုင်ရာအသိပညာပေးရုပ်ပုံများ ခရမ်းမြို့နယ်မြေစိုက်ဘုတ်တွင်ပြသ
Oct 08,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများသိရှိလိုက်နာနိုင်ရေးအတွက်
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ကာလ အသက်(၈၀)နှင့်(၈၅)နှစ်ကြားဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်
Oct 08,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၀)နှင့်(၈၅)နှစ် ကြားသက်ကြီး ဘိုးဘွားများအား ကိုဗစ်-၁၉ကာလ သက်ကြီးဘိုဘွားတစ်ဦးလျှင်ငွေကျပ်(၃၀၀၀၀ိ/-)နှုန်းဖြင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်း ကိုယမန်နေ့နံနက်ပိုင်းမှစတင်ကာ အိမ်တိုင်ရာရောက်ပေးအပ်ခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့နယ်၌ နေရပ်ပြန် (၁၇၈၇) ဦးအား Quarantine Centre စခန်းသွင်း၍ နှာခေါင်း တို့ဖတ်/အာခေါင်တို့ဖတ်တို့ စစ်ဆေးရာ ရောဂါပိုး မတွေ့ရသေးကြောင်းသိရ
Oct 08,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးရည်ရွယ်၍ ပြည်ပမှ နေရပ်ပြန်လာသူများနှင့် ပြည်တွင်းဒေသအသီးသီးမှ နေရပ်ပြန်သူတို့အား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ (၃၀) ရက်နေ့မှစ၍ ဌာနဆိုင်ရာများနှင့်ပြည်သူများ ပူးပေါင်းကူညီ စောင့်ရှောက်မှုဖြင့် Quarantine Centre များဖွင့်လှစ်၍ (၁၄) ရက်ကြာ စောင့်ကြပ်ကြည့်ရှုမှု ခံယူလျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် အထူးရဲသင်တန်းတက်ရောက်နေသော သင်တန်းသား များ အား COVID - 19 ပိုး ရှိ၊မရှိစစ်ဆေး
Oct 08,2020
ဘီးလင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်း တက်ရောက် နေသော သင်တန်းသားများအား COVID - 19 ပိုး ရှိ၊မရှိ ကို ဘီးလင်းမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမိုးကျော်သူ ဦးဆောင်သောကျန်းမာရေး ဝန်ထမ်းများက Standard Q COVID-19 Antigen (RDT) Test ဖြင့် ယမန်နေ့က စစ်ဆေးပေး ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်မှ သုံးခွမြို့နယ် ပြည်သူ့ဆေးရုံအတွက် ငွေကျပ် ၆ သိန်း ကျော် တန်ဘိုးရှိ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လှူဒါန်း
Oct 08,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြည်သူ့ဆေးရုံသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက လာရောက် လှူဒါန်း ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25270
Page
25271
Page
25272
Page
25273
Current page
25274
Page
25275
Page
25276
Page
25277
Page
25278
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department