အမြို့မြို့အနယ်နယ်သတင်းများ

Aug 12,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ကျောက်ပန်းတောင်းမြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ယနေ့နံနက် (၈) နာရီခွဲအချိန်က ကျောက်ပန်းတောင်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (၄) ကျောင်းတွင် Mask Campaing ပြလုပ်ပြီး မြို့နယ်ပြည်သူ့ဆေးရုံအတွက် PPE ဝတ်စုံ (၅၀) ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Aug 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အသက်(၆)လမှ (၅)နှစ်အတွင်း ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးများကို နောင်ချိုမြို့နယ် မိခင်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက်(၉)နာရီအချိန်က စတင်တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
Aug 12,2020
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဥယာဉ်ခြံစိုက်ပျိုးသူများအနက် မြန်မာသံပုရာသီးပင်စိုက်ပျိုး သူများအနေဖြင့် အသီးများ ပိုမိုထွက်ရှိသော်လည်း တင်ပို့ရောင်းချနိုင်ခြင်း မရှိသောကြောင့် အမြတ် နည်းပါးလျက်ရှိကြောင်းသိရှိရသည်။
Aug 12,2020
တက္ကသိုလ်ဝင်စာ​မေးပွဲ​ အောင်စာရင်းများကို ဩဂုတ်လ ၉ ရက်​နေ့ည ၁၂ နာရီ ၃၀ မိနစ်အချိန်က ပညာ​ရေးဝန်ကြီးဌာန အ​ခြေခံပညာဦးစီးဌာနမှ ထုတ်ပြန်​ကြေညာ​ပေးခဲ့ပြီး ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်​ရေး ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ဩဂုတ်လ ၁၀ ရက်​နေ့ နံနက်ပိုင်း မှစ၍ လူကိုယ်တိုင်သွား​ရောက်ကြည့်ရှုနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်ထားရှိ​ကြောင်း သိရှိရသည်။
Aug 12,2020
ကလေးငယ်များအား ဗီတာမင်အေပြည့်ဝပြီး ကျန်းမာသော ကလေးငယ်များ ဖြစ်နိုင်ရေးအတွက် အသက်(၆)လမှ (၅)နှစ်အတွင်း ကလေးငယ်များအား ဗီတာမင်အေ တိုက်ကျွေးခြင်းနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်အရှေ့ ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းရပ်ကွက်၊ မိသားစုဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြသည်။
Aug 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ Nestle Myanmar ၊ We Love Yangon နှင့် We Love Northokkalapa
Aug 12,2020
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် နမ့်မော်ဆွမ့် ကျေးရွာ အုပ်စု အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးတို့ ပူးပေါင်း၍ ပြည်သူ့ အကျိုး ပြု အဖြစ် ကျောင်းဝင်း အတွင်း/အပြင်သန့်ရှင်းရေးဆောင် ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက အဆိုပါ ကျောင်းတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ် စီးပွားရေးကုစားမှု အစီအစဉ်အရ Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (၆) ရွာအနက် ကျော်ဇင်ကျေးရွာအုပ်စု၊ စခန်းကြီးကျေးရွာ၌ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို ယမန်နေ့ ညနေ ၄ နာရီက တာဝန်ရှိသူများက ကွင်းဆင်း၍ စစ်ဆေးခဲ့သည်။