အမြို့မြို့အနယ်နယ်သတင်းများ

Oct 08,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိုးစပါးသီးနှံစိုက်ပျိုးတောင်သူများ စိုက်ပျိုးရေ အပြည့်အဝ ရရှိစေရေးအတွက် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိရာ တောင်သူများ စိုက်ပျိုးရေ အဆင်ပြေစွာ ရယူသုံးစွဲနိုင်ရေးအတွက် ယနေ့နံနက် ၇ နာရီခွဲက ဆည်ရေလုပ်သား အဖွဲ့ခေါင်းဆောင် ဦးညွန့်ဝင်းနှင့် အဖွဲ့က တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာရှိ ရေလက်တံမြောင်း(၁၁)ရှိ  ပိတ်ဆို့နေသော ရေမှော်ပင်များအား စုပေါင်းဖယ်ရှားရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Oct 08,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်-ရွာသစ်မြို့၌ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ဖြည့်စွက် ရန်ပုံငွေဖြင့် ဆောင်ရွက်သော နှစ်ပေါင်း (၁၅၀) ကျော်ခန့်ရှိ ရွာသစ် ရှေးဟောင်း ညောင်ခမ်း ဘုန်းတော်ကြီးကျောင်း အ၀င် ပေ(၄၀၀) ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို (၂၇.၃.၂၀၂၀)ရက်နေ့ တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Oct 08,2020
မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုက​ရေစီ အ​​ထွေ​ထွေရွေး​ကောက်ပွဲကြီးကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပ​တော့မည်ဖြစ်ရာ ဒုတိယအကြိမ်မဲစာရင်းများ ​ကြေညာထားရှိမှု များကို ယ​နေ့ နံနက် ၉နာရီက မြို့နယ်ရွေးကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲအတွင်း​ရေးမှူး ​ဒေါ်အိ သဲလင်း နှင့် အဖွဲ့ခွဲ ဝင်များကသက်ဆိုင်ရာနယ်​မြေများသို့ကွင်းဆင်းစစ်​​​ဆေးခဲ့ကြသည်။
Oct 08,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ စောင့်ကြည့်ရေး စင်တာ အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး)သို့ မြန်မာပိတောက်ကုမ္ပဏီ (ရန်ကုန်)မှ ငွေကျပ်(၁၅)သိန်းကို ယမန်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 08,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နောက်ဆုံးအကြိမ် မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပြန် ကြေညာလျက်ရှိရာ မြို့နယ်ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် စာရင်းကြေညာထားရှိမှုများကို အောက်တိုဘာလ ပထမပတ်မှစတင်၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိသည်။
Oct 08,2020
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိမသန်စွမ်းသူများအတွက် လူမှုဝန်ထမ်းဦးစီးဌာန၏ ကိုဗစ်-၁၉ ကာလ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်သည်။
Oct 08,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် တာဝန် ထမ်းဆောင်ရန် နေရပ်အသီးသီးမှရောက်ရှိလာကြသည့် ဆရာ/ဆရာမများကို မက်မန်းမြို့ (အ.ထ.က)ကျောင်း၊ (အ.လ.က)အောင်သံလွင်ကျောင်းနှင့် မက်မန်းမြို့မင်းရန်အောင်(ခန်းခ)တို့တွင် Quarantine Centre၌ ထားရှိပြီး အသွားအလာ(၁၄)ရက်ကန့်သတ်ထားရှိကြောင်း သိရသည်။