မြောက်ဥက္ကလာပ အောက်တိုဘာ ၈
ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မြန်ဆန်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ ပြည်သူများ နေအိမ်ပြင်ပမှ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask များ မပျက်မကွက်တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာကြရန် တာဝန်ရှိသူများက အသိပေးပြီးဖြစ်ရာ ယနေ့ နံနက် ၉ နာရီက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် လူအများ သွားလာသည့် နေရာ များတွင် Mask မတပ်ဆင်သူများကို ဒဏ်ငွေပေးဆောင်စေခြင်းနှင့်mask campaign များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယုကြည်ကြည် ဦးဆောင်သော အဖွဲ့မှ (၂)ရပ်ကွက်ဈေး၊ (ဈ)ဈေး၊ (စ)ရပ်ကွက်ဈေး၊ မြောက်ဥက္ကလာပ ဆေးရုံကြီးရှေ့တို့တွင် Mask မတပ်ဆင်သူ (၂၁)ဦးနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးချစ်ဦးမောင် ဦးဆောင်သောအဖွဲ့မှ ရွှေပေါက်ကံ မြို့သစ်ရပ်ကွက်ရှိဈေးများ၌ Mask မတပ်ဆင်သူ(၂၁)ဦး စုစုပေါင်း(၄၂)ဦးကို ဒဏ်ငွေ (၂၀၀)ကျပ် ပေးဆောင်စေပြီး Mask နှာခေါင်းစည်း (၁)ခု ပြန်လည်ပေးအပ်ခြင်းနှင့် mask campaign ပြုလုပ်ခြင်းများကို မြို့နယ်ထွေအုပ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)