ကိုဗစ်-၁၉ ဆိုင်ရာအသိပညာပေးရုပ်ပုံများ ခရမ်းမြို့နယ်မြေစိုက်ဘုတ်တွင်ပြသ

ခရမ်း  အောက်တိုဘာ ၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ပြည်သူများသိရှိလိုက်နာနိုင်ရေးအတွက် UNESCO ပေးပို့လာသည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် ရုပ်ပုံများအား ရုံးရှေ့ရှိ မြေစိုက်နံရံကပ် ပြဘုတ်တွင် ယမန်နေ့ ညနေပိုင်းက စတင်၍ ပြသပေးထားကြောင်း သိရှိရသည်။

အဆိုပါပြဘုတ်တွင် (၁) အချက်အလက်နှင့် ထင်မြင်ယူဆချက်တို့ကို ခွဲခြားဖို့ ခက်နေပါသလား (၂) သတင်းတင်ဆက်ချက်များထဲမှ ဓမ္မဓိဌာန် သတင်းအချက်အလက်များနှင့် ပုဂ္ဂလဓိဌာန် သတင်း အချက်အလက်များ(၃)အချက်အလက်နှင့် ထင်မြင်ယူဆချက် (၄)သတင်းတွင် အသုံးပြု သော စကားအသုံးအနှုန်းပိုင်းကို သထိထားကြည့်ရှုပါ (၅) သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင် ယူဆချက်များ (၆)ကလေးသူငယ်၊လူငယ်နှင့် လူမှုမီဒီယာ အသုံးပြုမှု သဘောတူညီချက် တစ်ရပ် ပြုလုပ်ပါ (၇)လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်နှင့် ရှောင်ရန်များ (၈) သတင်းအချက်အလက်များက မည်သို့ဆက်စပ် အရေးပါကြောင်း ကလေးများနှင့် အတူဆွေးနွေးပါ (၉)မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာဆိုသည်မှာ အဘယ်နည်း (၁၀)သင်သည် မီဒီယာနှင့် သတင်း အချက်အလက် ဆိုင်ရာ သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူ တစ်ဦးဖြစ်ပါသလား (၁၁) သမိုင်းဝင်တည်နေရာများကို ပုံရိပ်ယောင် နည်းပညာဖြင့် သွားရောက်လေ့လာရာဝယ်(၁၂) မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကြော်ငြာများ(အိမ်တွင်လုပ်ဆောင်နိုင်သော စမ်းသပ်ချက်လေးတစ်ခု) (၁၃)မီဒီယာနှင့် သတင်း အချက်အလက် သိနားလည်မှု ရှိသောမိဘ အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေး (၁၄) မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် လုပ်ကြံ သတင်းများ (၁၅) ကလေးများနှင့်အတူစာဖတ်ပါ (၁၆) မီဒီယာနှင့် သတင်း အချက်အလက် သိနားလည်မှု ရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာ  နည်းလမ်းများ (၁၇) ရုပ်ရှင်အတူကြည့်ပါ (၁၈) ကလေးများနှင့်အတူ သတင်းကြည့်ရာဝယ် (မေးသင့်မေးခွန်းများ) စသည့် လေ့လာမှတ်သားဖွယ်ရာ ဗဟုသုတမျိုးစုံပါရှိကြောင်း လေ့လာသိရှိရသည်။

ကိုမင်း(ခရမ်း)