​ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ကာလ အသက်(၈၀)နှင့်(၈၅)နှစ်ကြားဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်

ကျောက်တံတား    အောက်တိုဘာ​   

 

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၀)နှင့်(၈၅)နှစ် ကြားသက်ကြီး ဘိုးဘွားများအား ကိုဗစ်-၁၉ကာလ သက်ကြီးဘိုဘွားတစ်ဦးလျှင်ငွေကျပ်(၃၀၀၀၀ိ/-)နှုန်းဖြင့်  ထောက်ပံ့ငွေများ ပေးအပ်ခြင်း ကိုယမန်နေ့နံနက်ပိုင်းမှစတင်ကာ အိမ်တိုင်ရာရောက်ပေးအပ်ခဲ့ကြကြောင်းသိရသည်။

 

 ထို့သို့ထောက်ပံ့ငွေပေးအပ်ရာတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်ကြီးဘိုး၊ဘွားများအား  နိုင်ငံတော်မှထောက်ပံ့ငွေတစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀ိ/-) စီအားသက်ကြီးဘိုဘွားများထံသို့အိမ်တိုင်ရာရောက်  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

  ​ရွှေနန်းမေ