အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2025
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရန် မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာထားခြင်းကို ဒဂုံမြို့သစ်(အ‌ရှေ့ပိုင်း)မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူစာရင်း (နည်းဥပဒေ-၄)တွင် ပါဝင်သည့်မဲဆန္ဒရှင်ပြည်သူအမည်စာရင်းများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက စက်တင်ဘာလ(၃၀)ရက်နေ့မှစတင်၍ ကြေညာလျက်ရှိကြောင်း သိရသည်။
Oct 06,2025
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအသီးသီး၌ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
Oct 06,2025
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်မြို့ရှိ ငွေဆောင်ကမ်းခြေ၌ သီတင်းကျွတ် ရုံးပိတ်ရက်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ လာရောက်အနားယူအပန်းဖြေကြသော ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Oct 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ရွှေသောင်ယံကမ်းခြေ၊ ကျောက်မောင်နှမကမ်းခြေတို့တွင် သီတင်းကျွတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များအတွင်း အနယ်နယ်အရပ်ရပ်မှ အပန်းဖြေလာရောက်လည်ပတ်ကြသော ဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Oct 06,2025
မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများ၌ ယနေ့နံနက်ပိုင်းက အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများ၊ဥပုသ်သီလဆောက်တည်သူများဖြင့် စည်ကားလျက်ရှိသည်။
Oct 06,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ဆုတောင်းပြည့်ဘုရားတွင် ယနေ့နံနက် (၅)နာရီက ဆင်လှုပွဲတော် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။