အမြို့မြို့အနယ်နယ်သတင်းများ

May 14,2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဆတ်မြို့နယ်ဦးစီးမှူးရုံးမှ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric data ကောက်ယူ၍ UID ကတ်များ ထုတ်ပေးခြင်းကို One Stop Service ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ဝိန်းနေရပ်ကွက်နှင့် မယ်ဆွမ်တောင်အုပ်စုရှိ အသက် ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့်ပြီးသူများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
May 14,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအား ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံးရှိ လူထု အခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
May 14,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အမှတ် (၃၈) ယာဥ်ထိန်းတပ်ဖွဲ့ ဒုတိယရဲမှူးကြီးမြင့်အောင်ဦးဆောင်ကာ မြို့နယ်အတွင်း သွားလာနေကြသော မော်တော်ယာဉ် မောင်းနှင်နေသူများ၊ လမ်းသွားလမ်းလာပြည်သူများနှင့် ဘေးတွဲဆိုင်ကယ်များ ယာဉ်အန္တရယ်ကင်းရှင်းစေရေး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက လေးထောင့်ကန်လမ်းမနှင့် သံသုမာလမ်းမကြီးတို့ဆုံရာ ငမိုးရိပ်စံပြစျေးတွင် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
May 14,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်ရောဂကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မေလ ၁၂ ရက်နေ့က တောကျောင်းကျေးရွာအုပ်စု၊ ကမာကလွန်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 14,2026
​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းဆင့်သင် ဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်(ဆင့်ပွား) ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အ.ထ.က(၁) ကျောင်းခန်းမ၌ ကျင်းပသည်။
May 14,2026
တနင်္သာရီတိုင်ဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌  နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ် ဦးစီးမှူးရုံးတွင် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများ မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့နယ် ဦးစီးမှူးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 14,2026
ကရင်ပြည်နယ်၊မြဝတီ ခရိုင်၊မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာအုပ်စု၊ သင်္ဃန်းညီနောင်ကျေးရွာအတွင်း းရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့နံနက် ၉ နာရီက သင်္ဃန်းညီနောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းစံလင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နှင့် မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များက ကျေးရွာမြေငှားဂရန်လျှောက်ထားမည့် ပြည်သူများ၏ ပိုင်ဆိုင်မှု အထောက်အထားများစစ်ဆေးခြင်းလုပ်ငန်းများနှင့် လျှောက်လွှာဖြည့်သွင်းခြင်း လုပ်ငန်းများအား ကွင်းဆင်း ကြည်ရှုစစ်ဆေးခြင်းနှင့်အတူ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံရှင်းလင်းပွဲ ကျင်းပသည်။
May 14,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး၊ မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မေ ၁၂ ရက်နေ့က သပြေကုန်းကျေးရွာအုပ်စု၊ ကားတဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးနှင့် ဝန်ထမ်းများ၊ ကျေးရွာသူ၊‌ ကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။