အမြို့မြို့အနယ်နယ်သတင်းများ

May 14,2026
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)ကာလအတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဘီးလင်းမြို့နယ်ဘဏ်ခွဲမှ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲအခမ်းအနားကို မေလ ၁၂ ရက်နေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 14,2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် (၁၄-၅-၂၀၂၆)ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ၌ KG တန်းမှ Grade-11 အထိ အတန်းတက်(အောင်) စာရင်းများ ထုတ်ပြန်ပေးကြရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင်လည်း ယနေ့နံနက်(၆)နာရီက အခြေခံပညာကျောင်းအားလုံးရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းစစ်စာမေးပွဲ အတန်းတက်(အောင်)စာရင်းများကို ထုတ်ပြန်ကပ်ထားပေးကြောင်း သိရသည်။
May 14,2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် (၁၄-၅-၂၀၂၆)ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ၌ KG တန်းမှ Grade-11 အထိ အတန်းတက်(အောင်) စာရင်းများ ထုတ်ပြန်ပေးကြရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင်လည်း ယနေ့နံနက်(၆)နာရီက အခြေခံပညာကျောင်းအားလုံးရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းစစ်စာမေးပွဲ အတန်းတက်(အောင်)စာရင်းများကို ထုတ်ပြန်ကပ်ထားပေးကြောင်း သိရသည်။
May 14,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ စစ်ဆေးကုသပေးခြင်း စသည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ကွင်း‌ဆင်းဆောင်ရွက်ခြင်းကို ကျေးရွာအသီးသီးတို့၌ လိုက်လံပြုလုပ်လျက်ရှိရာ မေလ ၁၂ ရက်နေ့က သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာနှင့် ဒူးရင်းဆိပ်ကျေးရွာတို့၌ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
May 14,2026
ဘားအံရေကြောင်းလူငယ်စခန်း နွေရာသီရေကြောင်းလူငယ်အခြေခံ/တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းသား/သင်တန်းသူများအား ဂုဏ်ပြုသည့်ညစာစားပွဲအခမ်းအနားကို မေ ၁၃ ရက် ညခင်းပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
May 14,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲ ကျင်းပခဲ့သည်။
May 14,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုရေးဆိုင်ရာ ဆင့်ပွားသင်တန်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ခရေဆောင်ခန်းမတွင် ကျင်းပသည်။
May 14,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးခြင်းကို မေလ ၁၂ ရက်နံနက် (၁၀) နာရီက ကဒါရပ်ကွက်၊ မင်္ဂလာဈေးနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။