အမြို့မြို့အနယ်နယ်သတင်းများ

May 14,2026
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်သည် မေ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့အခြေစိုက် အင်ဒိုနီးရှားသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr.Novan Ivanhoe Saleh၊ စီးပွားရေးသံမှူး Mr.Arvinanto Soeriaatmadja နှင့် သံမှူး Mr. Wahono Yulianto တို့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံသည်။
May 14,2026
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့​သည်။
May 14,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊‌ ရေတာရှည်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ရေတာရှည်မြို့‌ပေါ် ရပ်ကွက် (၅) အတွင်းရှိ နေအိမ်များအရောက် အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 14,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊‌ ရေတာရှည်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ရေတာရှည်မြို့‌ပေါ် ရပ်ကွက် (၅) အတွင်းရှိ နေအိမ်များအရောက် အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 14,2026
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)စီမံချက်ကာလအတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုက်ထိုဘဏ်ခွဲမှ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးရေးနှင့် ချေးငွေပေးအပ်ပွဲအခမ်းအနားကို မေလ ၁၂ ရက်နေ့နံနက်ပိုင်းက ကျိုက်ထိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 14,2026
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မော်လမြိုင်မြို့တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးတွင် အရေးပါပြီး သားစဉ်မြေးဆက်မြေယာပိုင်ဆိုင်မှုရရှိစေရန် ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ကော့ခနိကျေးရွာတွင် ကျေးရွာမြေငှားဂရမ် ထုတ်ပေးနိုင်ရေးအတွက် ပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
May 14,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ရက်(၁၀၀)စီမံချက်ဖြင့် အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံ ကိန်းလုပ်ငန်းဖြင့် ဒေသတစ်ခုထုတ်ကုန်တစ်ခု အကောင်အထည်ဖော်ဆောင်ရွက်မည့် လက်ရက်ကန်းဒီဇိုင်း တီထွင်ဆန်းသစ်မှုနည်းပညာ (ပထမအကြိမ်) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။
May 14,2026
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ အများပြည်သူအကျိုးအတွက်ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ လွှတ်တော် ကိုယ်စားလှယ်ရုံးဖွင့်ပွဲကို မေလ ၁၄ ရက်၊ နံနက် ၉ နာရီက မြင်းဘက်ရပ်ကွက်၊ နာရီစင်အနီးရှိ အဆိုပါရုံးတွင် ကျင်းပသည်။