မိုင်းဖြတ် မေ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် (KG) နှင့် (Grade-1) သင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်-ဆင့်ပွားသင်တန်းကို ယနေ့က အ.ထ.က(မိုင်းဖြတ်)ရှိ ရွှေလီဆောင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ဖြိုးတင်ဇာကိုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းမှရရှိသည့် သင်ခန်းစာများကို စနစ်တကျလက်တွေ့ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းကို နည်းပြဆရာ၊ ဆရာမများက ဆွေးနွေးပို့ချခဲ့သည်။
အဆိုပါ သင်တန်းကို မေလ ၁၄ ရက်မှ ၂၄ ရက်နေ့အထိ ECCD Policy, Chid Right Law , Child Protection၊ ကလေးစိတ်ပညာ၊ သင်ယူမှုအခြေခံအုတ်မြစ်များ၊ ကလေးများအား ကြည့်ရှုလေ့လာခြင်း၊ ECCD သဘောသဘာဝနှင့် (Grade-1) ဘာသာရပ်များချိတ်ဆက်ခြင်းစသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ဆရာ၊ ဆရာမ(၇၂) ဦး၊ လေ့လာသူ (၄) ဦးတက်ရောက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)