Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကော့ကရိတ်မြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်ဆင့်ပွား သင်တန်းဖွင့်လှစ်
May 14,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ KG ၊ Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ်များ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်ဆင့်ပွား သင်တန်းကို ယနေ့နံနက် ၉နာရီက ကော့ကရိတ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ…
May 14,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ ဆရာ/ဆရာမများအား ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
May 14,2026
နိုင်ငံတော်၏လူသားအရင်းအမြစ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံပညာကဏ္ဍ၏ အစပျိုးရာဖြစ်သော သူငယ်တန်း KG နှင့်ပထမတန်း Grade-1 အဆင့်များသည် အလွန်အရေးပါသည့် အခန်းကဏ္ဍတွင် ပါရှိသောကြောင့် မြို့နယ်အတွင်းရှိ ဆရာ/ဆရာမများအတွက် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(စျေးတန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့၌ KG နှင့် G-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆ…
May 14,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမများ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် KG နှင့် G-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် (ဆင့်ပွား) သင်တန်းဆွေးနွေးပွဲအခမ်းအနားကို မေ ၁၄ ရက် နံနက် ၉ နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်တွင် စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 14,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက် (၁၀၀) စီမံချက်ကာလအတွင်း ဒေသခံတောင်သူများအား စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အိန္ဒိယသမုဒ္ဒရာ ဒေသတွင်း နိုင်ငံဖြတ်ကျော် မဟောဗောဓိဘုရားများ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေး အဆိုပြုစာရင်း (Tentative List) တင်သွင်းခြင်း ဆောင်ရွက်
May 14,2026
အိန္ဒိယသမုဒ္ဒရာ ဒေသတွင်း နိုင်ငံများဖြစ်ကြသည့် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံတို့ပူးပေါင်း၍ မဟာဗောဓိဘုရားများ ဖြစ်ကြသည့် မြန်မာနိုင်ငံမှ မဟာဗောဓိ (ပုဂံ၊ ပဲခူး)၊ အိန္ဒိယနိုင်ငံမှ ဗုဒ္ဓဂါယာ မဟာဗောဓိနှင့်ထိုင်းနိုင်ငံမှ Wat Chet Yot /Wat Ched Yod Chiengmai တို့ကို နိုင်ငံဖြတ်ကျော် Serial Nomination အဖြစ် ဆောင်ရွက်နိုင်ရေးအတွက် အဆိုပြုစာရင်း (Tentative List) တင်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးညီမွန်းထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
အိန္ဒိယသမုဒ္ဒရာ ဒေသတွင်း နိုင်ငံဖြတ်ကျော် မဟောဗောဓိဘုရားများ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေး အဆိုပြုစာရင်း (Tentative List) တင်သွင်းခြင်း ဆောင်ရွက်
May 14,2026
အိန္ဒိယသမုဒ္ဒရာ ဒေသတွင်း နိုင်ငံများဖြစ်ကြသည့် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံတို့ပူးပေါင်း၍ မဟာဗောဓိဘုရားများ ဖြစ်ကြသည့် မြန်မာနိုင်ငံမှ မဟာဗောဓိ (ပုဂံ၊ ပဲခူး)၊ အိန္ဒိယနိုင်ငံမှ ဗုဒ္ဓဂါယာ မဟာဗောဓိနှင့်ထိုင်းနိုင်ငံမှ Wat Chet Yot /Wat Ched Yod Chiengmai တို့ကို နိုင်ငံဖြတ်ကျော် Serial Nomination အဖြစ် ဆောင်ရွက်နိုင်ရေးအတွက် အဆိုပြုစာရင်း (Tentative List) တင်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးညီမွန်းထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်၌ ရှာဖွေကယ်ဆယ်ရေးတပ်စုနှင့်ပစ္စည်းများ အသင့်ဖွဲ့စည်းထားရှိ
May 14,2026
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ပြည်နယ်မီးသတ်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးဇော်ဦး ဦးဆောင်၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက ရှာဖွေကယ်ဆယ်ရေးတပ်စုများ၊ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်တပ်ဖွဲ့ဝင်များအား အသင့်ဖွဲ့စည်းထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
238
Page
239
Page
240
Page
241
Current page
242
Page
243
Page
244
Page
245
Page
246
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department