အမြို့မြို့အနယ်နယ်သတင်းများ

Jan 21,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် မီးဘေးကြိုတင် ကာကွယ်ရေး အသိညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည ၈ နာရီက မြို့ပေါ်ရပ်ကွက် များတွင် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
Jan 21,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ် ဆွေးနွေးပွဲနှင့် စီမံကိန်းကျေးရွာ စံပြဆုရွေးချယ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နန်းနှင့် ဝန်ထမ်းများသည် ယနေ့နံနက် (၁၀)နာရီအချိန် က အမှိုက်ကင်းစင်စံပြကျေးရွာ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာအမှိုက်ကင်းစင်ရေး ကော်မတီဖွဲ့စည်းခြင်းကို မိုးတေကျေးရွာအုပ်စု၊ မိုးတေကျေးရွာတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
Jan 21,2021
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင်ယနေ့မွန်းလွဲ (၂)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း Book Club တို့ပူးပေါင်း၍ စာရေးဆရာဖေမြင့်၏ ပြောတတ်ဆိုတတ် ပေါင်းသင်း တတ်တဲ့သူ စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
Jan 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုရန်အတွက် နှလုံးနှိုးစက်နှင့် မွေးကင်းစကလေး အနွေးပေးစက် ၁ စုံစီ ဝယ်ယူရန်အတွက် ဒေသခံ အလှူရှင်များက အလှူငွေများကို ယနေ့နံနက် ၁၀ နာရီခွဲအချိန် က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပေးအပ်လှူဒါန်းရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် ကျောက်မဲခရိုင် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မိုးထွန်း တို့က လက်ခံခဲ့ကြောင်း သိရသည်။
Jan 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 21,2021
တောင်သူများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များ ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီ က မိုင်းရယ်မြို့နယ်၊ ကောင်းမောင်ကျေးရွာအုပ်စုတွင် ပြုလုပ်သည်။
Jan 21,2021
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒေသအဆင့်ရုံး လူထုအခြေပြုဗဟိုဌာန၌ ပြည်သူများအသိပညာဗဟုသုတ တိုးပွားလာစေဖို့အတွက် ပညာရေးဌာနနှင့်ပူးပေါင်း၍ စာပေအကျိုးကျေးဇူးအကြောင်း သိကောင်းစရာ Talk Show အစီအစဉ်ကို ယနေ့နံနက် (၁၀)နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။