တန့်ယန်းမြို့နယ်တွင် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

တန့်ယန်း  ဇန်နဝါရီ  ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌကိုယ်စား မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဉာဏ်မင်းမောင် က အဖွင့်အမှာစကား ပြောကြား၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင် မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းရွှေပြည် က ကလေးသူငယ်ဥပဒေနှင့် ပတ်သက်သည်များကို ရှင်းလင်းကာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးတူးအောင်မိုင် က လုပ်ငန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် အခမ်းနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)