စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌စာဖတ်ဝိုင်းကျင်းပ

စဉ့်ကိုင်     ဇန်နဝါရီ     ၂၁

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင်ယနေ့မွန်းလွဲ ()နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း Book Club တို့ပူးပေါင်း၍ စာရေးဆရာဖေမြင့်၏ ပြောတတ်ဆိုတတ် ပေါင်းသင်း တတ်တဲ့သူ စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဝင်းဝင်းသန်းက လူငယ်လူရွယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ရှိန်မြင့်မားလာစေရန် စာအုပ်စာ ပေ ဖတ်ရှု့ခြင်းဖြင့် အတွေးအခေါ် ပိုမိုရင့်သန်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲများကျင်းပရခြင်း ဖြစ်ကြောင်းရှင်းလင်း ပြောကြား ခဲ့ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း Book Club ဥက္ကဋ္ဌ ဦးဝင်းကြည်က အဆိုပါစာအုပ်မှ စာရေးသူ၏ အမှာစာနှင့်အပြောအဆိုလိမ္မာသူတို့၏ အမူအကျင့်ကောင်းများ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်း Youth Club အတွင်းရေးမှူးစာရေးဆရာ ဦးတိုက်ကြည် က"ချီးမွန်းစကား လေးတစ်ခွန်း​"ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များ က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ညိုညိုဝင်း (စဉ့်ကိုင်ပြန် /ဆက် )