အမြို့မြို့အနယ်နယ်သတင်းများ

Jan 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် ရည်မှန်းချက်တာဝန်ကြီး(၄)ရပ်နှင့် လုပ်ငန်းစဉ်(၇)ရပ် တို့အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မီးဘေးအန္တရာယ် ကာကွယ်တားဆီးရေး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ ကာကွယ်နိုင်စေရေးအတွက် လက်တွေ့ဆောင်ရွက်ရသည့် လေ့ကျင့်ခန်းများအား အပတ်စဉ် သတ်မှတ်နေ့ရက်များ အလိုက် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 22,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လယ် ၂နာရီ ၃၀ အချိန်က မြစိမ်းရောင် စီမံကိန်း မြို့နယ်အဆင့်သုံးသပ်ဆွေးနွေးပွဲနှင့် စံပြဆုရွေးချယ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး
Jan 22,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၊ မြို့မရဲစခန်း အဆောက်အဦသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်(၈)နာရီ မြို့မရဲစခန်း အဆောက်အဦဟောင်းရှေ့ နေရာတွင် ကျင်းပသည်။
Jan 22,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမ-ဆင်မြီးဆွဲလမ်း အဆင့်မြှင့်တင်ရေး အတွက် လမ်းနယ် ပေ ၃၀ ရရှိရေးကို ယမန်နေ့က တာဝန်ရှိသူ များ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Jan 22,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့နှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲများ ဖြစ်သည့်အင်ပင်လှကျေးရွာမှ ကျန်းမာရေး ဝန်ထမ်းများနှင့် လူမှုရေး အသင်းအဖွဲ့ များသည် ယမန်နေ့က Mask Campaign နှင့်အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Jan 22,2021
ရန်ကုန်အနောက်ပိုင်း  ခရိုင် ၊ ဒဂုံ မြို့နယ် အထွေထွေ  အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ရပ်ကွက်(သို့) ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှုးများအား ရွေးချယ် တင်မြှောက်နိုင်ရေး အတွက် ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀း၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
Jan 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ Coronavirus Disease 2019 (ကိုဗစ်-၁၉) အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါ ကူးစက်ပြန့်ပွားမှု တားဆီး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။