ထန်းတပင် (ပဲခူး) ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ် ဆွေးနွေးပွဲနှင့် စီမံကိန်းကျေးရွာ စံပြဆုရွေးချယ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်မျိုးဆင့်က မြို့နယ်အဆင့် မြစိမ်း ရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ ကျေးရွာ(၂၀)မှ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီ ဝင်များ အား အခမ်းအနား ပြုလုပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး စီမံကိန်း ဆောင်ရွက်ထားရှိမှုအပေါ် အားနည်းချက်၊ အားသာချက်များအား အပြန်အလှန် သုံးသပ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေးကော်မတီဝင်များမှ စီမံကိန်းစံပြကျေးရွာ ရွေးချယ် ခြင်းအား အမှတ်ပေးစည်းမျဉ်းများနှင့်အညီ ရွေးချယ်ဆောင်ရွက်ခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနဉီးစီးမှူးက ဆုရရှိသော ရွှေညောင်ခင် ကျေးရွာအား စီမံကိန်း စံပြကျေးရွာ ဆုပေးအပ်ခဲ့ပြီး ရွှေညောင်ခင်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင် တစ်ဦးမှ ဆုလက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)