မိုင်းရယ် ဇန်နဝါရီ ၂၁
တောင်သူများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များ ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီ က မိုင်းရယ်မြို့နယ်၊ ကောင်းမောင်ကျေးရွာအုပ်စုတွင် ပြုလုပ်သည်။
အခမ်းအနားတွင် မိုင်းရယ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မြင့်နိုင် က လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များထုတ်ပေး ရခြင်းအား ရှင်းလင်းပြောကြားပါသည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် တာဝန်ရှိသူများက ကောင်းမောင်ကျေးရွာ အုပ်စုအတွင်းရှိ ဦးပိုင်(၂၃)ခုရှိ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များအား တောင်သူတစ်ဦးချင်းစီပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းရယ် (ပြန်/ဆက်)