အမြို့မြို့အနယ်နယ်သတင်းများ

Jan 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့ က ယနေ့ နံနက်(၉)နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
Jan 21,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှ အလှူရှင်များက နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရေးအတွက် ယမန်နေ့အထိ ကျပ်သိန်း ၁၆၀၀ ကျော် လှူဒါန်း ထားရှိပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဘဏ္ဍာရေးဆပ်ကော်မတီက သိရသည်။
Jan 21,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင်ရုံး ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးနှင့် မီးသတ်ဦးစီးဌာနရုံး တို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ ၁ နာရီ က ထားဝယ်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။
Jan 21,2021
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ချင်းပြည်နယ် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဝန်ထမ်းအိမ်ရာ RCC(၄)ခန်းတွဲ(၂)ထပ် ဝန်ထမ်းအိမ်ရာ (102’’×25’×19’-6’’) တည်ဆောက်မည့် မြေနေရာအား မြေနေရာ၌ ပန္နက်တင် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မတူပီခရိုင်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ မြေနေရာ၌ ကျင်းပခဲ့သည်။
Jan 21,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် နတ်မောက်မြို့နယ် (Backhole) လုပ်ငန်းကြီးကြပ်ဆောင်ရွက်ရေးအဖွဲ့မှ ငွေကျပ် သိန်း (၁၀၀) ပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့လည် (၂) နာရီအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း ဝေးခန်းမ၌ ပေးအပ်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 21,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းချုပ်တို့ ကြီးမှူး၍ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား သင့်တင့်သေ