နမ့်ဆန် ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒေသအဆင့်ရုံး လူထုအခြေပြု ဗဟိုဌာန၌ ပြည်သူများအသိပညာဗဟုသုတ တိုးပွားလာစေဖို့အတွက် ပညာရေးဌာနနှင့်ပူးပေါင်း၍ စာပေအကျိုးကျေးဇူးအကြောင်း သိကောင်းစရာ Talk Show အစီအစဉ်ကို ယနေ့နံနက် (၁၀)နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာလမှာ စာဖတ်သူမိဘပြည်သူများကို Online စနစ်ဖြင့် အသိပညာပေးလုပ်ငန်း ဆောင်ရွက်လျှက်ရှိပြီး မိဘပြည်သူများ သိသင့် သိထိုက်တဲ့ စာပေအကျိုးကျေးဇူးများအကြောင်း သိကောင်းစရာများ Talk Show ကို Book Club အဖွဲ့ဝင် ဆရာမ ဒေါ်နွယ်နွယ်လွင် က ဟောပြောခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေတဲ့ကာလမှာ နမ့်ဆန်မြို့နယ် ပြည်သူ့စကြည့်တိုက်သို့ စာငှား စာဖတ်သူများ လာရောက်နိုင်ခြင်းမရှိခဲ့ပေမယ့် စာငှား၊ စာဖတ်သူများ အသိပညာတိုးပွားစေဖို့နှင့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ဖို့ IPRD Namhsan Page ကနေ ထုတ်လွှင့်ပေးခြင်းအပြင် ပြည်သူများသိသင့်/သိထိုက်တဲ့ ဥပဒေပိုင်းဆိုင်ရာများ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သိကောင်းစရာများနှင့် သဘာဝလေးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့် စာပေအကျိုးကျေးဇူးများ စသည့် အသိပညာဗဟုသုတတိုးပွားစေသည့် အကြောင်းအရာများကို သိရှိနိုင်ရန် အပတ်စဉ် Talk Show ပြုလုပ်ပြီး အသိပညာပေးလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မိုး (ရွှေဖီမြေ)