Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တနင်္သာရီမြို့နယ်တွင် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် လောင်စာဆီ(လက်လီ/လက္ကား) အရောင်းဆိုင် များ အား အသိပညာပေး စစ်ဆေးခြင်းဆောင်ရွက်
Jan 21,2021
အပြည့်အစုံ ဖတ်ရန်
ဟုမ္မလင်းမြို့နယ်၊ မာလုံကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ကျောင်းဆောင်သစ် ဖွင့်ပွဲကျင်းပ
Jan 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မာလုံကျေး ရွာအုပ်စု၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင် သစ်ဖွင့်ပွဲကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က အဆိုပါ ကျောင်းဆောင်ရှေ့၌ ကျင်းပခဲ့ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွေး၊ မြို့နယ် ပညာရေးမှူး ဒေါ်သင်းသင်းနွယ်၊ ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေဇာမျိုးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းစံမြို့ ရပ်ကွက်(၁)အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်အပ်နိုင်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Jan 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့အတွင်း လက်ရှိတာဝန်ထမ်းဆောင် လျက်ရှိသော ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် များကို ဧပြီလ(၁)ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ရွေးချယ်ခန့်အပ် တာဝန်ပေး နိုင်ရန် ယနေ့နံနက်(၁၀)အချိန်က မိုင်းစံမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ပြည်သူများအား အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု၊ ထီးတပလလူးထကျေးရွာတွင် ကျောင်းဝင်းခြံစည်းရိုးကာရန်ခြင်း လုပ်ငန်း (၈၀)ရာခိုင်နှုန်းပြီးစီး
Jan 21,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမကိန်း (တတိယနှစ်စက်ဝန်း)တွင် မဲသမူးကျေးရွာအုပ်စု ထီးတပလူး ထကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဝင်းခြံစည်းရိုး ကာရန်ခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ (၈၀)ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ဖြူမြို့နယ်တွင် ကျေးရွာထင်းစိုက်ခင်းဧက (၅၀) ဒေသခံပြည်သူများသို့ လွှဲပြောင်းပေးအပ်
Jan 21,2021
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူ မြို့နယ်သစ်တောဦးစီးဌာနက ကျေးလက်နေပြည်သူများ အခြေခံ လောင်စာလိုအပ်မှု ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန် စိုက်ပျိုးထိန်းသိမ်းထားရှိသည့် ကျေးရွာထင်း စိုက်ခင်းဧက (၅၀) ကို ဒေသခံပြည်သူများသို့ ယမန်နေ့ ညနေ ၃ နာရီက ချောင်းမကြီးကျေးရွာနှင့် တူရွှင်းမျောကျေးရွာ ထင်းစိုက်ခင်းများ လွှဲပြောင်းပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နှစ်စဉ်နွေရာသီ၌ ရေရှားပါးသည့် ကျေးရွာ (၇) ရွာအား ရေရရှိရေးနည်းလမ်း (၄) မျိုးဖြင့် လုပ်ဆောင်ပေးသွားမည်
Jan 21,2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် နှစ်စဉ်နွေရာသီ၌ သောက်သုံးရေ ရှားပါးမှုနှင့်ကြုံတွေ့နေရသည့် ကျေးရွာ(၇)ရွာအား အမြဲတမ်းသောက်သုံးရေ ရရှိရေးအတွက် နည်းလမ်း(၄)မျိုးဖြင့် လုပ်ဆောင်ပေး သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အိခင်ညို ၏ ပြောကြား ချက်အရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါး ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် High Flow Nasal Cannula Machine (HFNC) ဝယ်ယူနိုင်ရန် အလှူငွေများ ပေးအပ်လှူဒါန်း
Jan 21,2021
ဟားခါး ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်းများ၌ အသုံးပြု နိုင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့က ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာ (၈) ဦး ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံဆင်း
Jan 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ပြည်သူ့အဌားအိမ်ယာအိတ်စွပ် အထူးကြတ်မတ်ကုသ ဆောင်တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၈) ဦးတို့သည် ဆေးရုံဆင်းသတ်မှတ်ချက်များနှင့်အညီ ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23589
Page
23590
Page
23591
Page
23592
Current page
23593
Page
23594
Page
23595
Page
23596
Page
23597
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department