ဘုတ်ပြင်း ဇန်နဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် မီးဘေးကြိုတင် ကာကွယ်ရေး အသိညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည ၈ နာရီက မြို့ပေါ်ရပ်ကွက် များတွင် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ် ဦးစီး ဦးအောင်ကျော်ဖြိုးနှင့် တပ်ဖွဲ့ဝင်များကမီးသတ်ယာဉ်ဖြင့် ပူးပြင်းခြောက်သွေ့သော ပွင့်လင်း ရာသီ ရောက်ရှိလာပြီဖြစ်၍ မီးလောင်မှုများမဖြစ်ပေါ်စေရေး လုပ်ငန်းများကို ဘက်ပေါင်းစုံ မှ ဆောင်ရွက် လျက်ရှိရာ မြို့နေပြည်သူများ အနေဖြင့် မီးအသုံးပြုရာတွင် စနစ်တကျအသုံးပြုမှုများနှင့် နေအိမ်များတွင် မီးသတိပြုရန် မီးဘေးအန္တရာယ်ကာကွယ် နိုင်ရန်အတွက် မီးချိတ် မီးကပ် သဲပုံး ရေးပုံးများနှင့် မီးသတ်ဆေးဘူးများ အဆင့်သင့်ထားရှိရန် မီးဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြရန် မြို့ပေါ်ရပ်ကွက်များ အတွင်း အသံချဲ့စက်များဖြင့်အသိပေး နှိုးဆော် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်