မတူပီ ဇန်နဝါရီ ၂၁
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ချင်းပြည်နယ် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဝန်ထမ်းအိမ်ရာ RCC(၄)ခန်းတွဲ(၂)ထပ် ဝန်ထမ်းအိမ်ရာ (102’’×25’×19’-6’’) တည်ဆောက်မည့် မြေနေရာအား မြေနေရာ၌ ပန္နက်တင် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မတူပီခရိုင်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ မြေနေရာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သိက္ခာတော်ရ ဆရာတော် ပါစတာ Dr မာန်အုပ်ဆန်က အဖွင့်ဆုတောင်းခဲ့ပြီး ချင်းပြည်နယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လျန်၊ ချင်းပြည်နယ် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဌေးမြင့်၊ မင်းတပ်မြို့နယ် ဦးစီးမှူး ဦးဟုန်းလိန်း၊ Netvilla Lain Company ပိုင်ရှင် ဦးငိုင်လျန် တို့က ဝန်ထမ်းအိမ်ရာ RCC (၄)ခန်းတွဲ(၂)ထပ် တည်ဆောက်မည့် မြေနေရာအား ပန္နက်ရိုက် ခဲ့ကြသည်။
အဆိုပါ ဝန်ထမ်းအိမ်ရာ RCC(၄)ခန်းတွဲ (၂)ထပ်ဝန်ထမ်းအိမ်ရာ (102’’×25’×19’-6’’)သည် ပြည်နယ် ခွင့်ပြုရန်ပုံငွေကျပ် (၂၄၅.၀၀)သန်းဖြင့် တင်ဒါအောင် Netvilla Lain Company မှတာဝန်ယူ ဆောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ချင်းပြည်နယ်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် မတူပီခရိုင်အတွင်း မြို့နယ်များအတွက် ဝန်ထမ်းအိမ်ရာ(၆)လုံး တည်ဆောက်လျက်ပြီး ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မတူပီခရိုင်၊ မြို့နယ်များတွင် (၄)လုံး ထပ်မံတည်ဆောက်မည်ဖြစ်၍ တည်ဆောက်ပြီးစီးပါက မတူပီခရိုင်အတွင်း အိမ်ခန်းပေါင်း (၈၀)ခန်း ရှိမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ် ဦးစီးမှူး ဦးဟုန်းလိန်းထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)