နတ်မောက် ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် နတ်မောက်မြို့နယ် (Backhole) လုပ်ငန်းကြီးကြပ်ဆောင်ရွက်ရေးအဖွဲ့မှ ငွေကျပ် သိန်း (၁၀၀) ပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့လည် (၂) နာရီအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း ဝေးခန်းမ၌ ပေးအပ်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပေးအပ်လှူဒါန်းရာတွင် လွှတ်တော်ကိုယ်စားလှယ်များ ၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ များကဦးဆောင်သော နတ်မောက်မြို့နယ် (Backhole) ကော်မတီနေဖြင့် ငွေကျပ်သိန်း(၁၀၀)ကို နတ်မောက်မြို့နယ် (MAB Bank) မှ နေပြည်တော်ဘဏ်ခွဲရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ စာရင်းအမှတ် (OA-013733) သို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှဝင်း(နတ်မောက်)