မိုင်းဆတ် ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့ က ယနေ့ နံနက်(၉)နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် တာဝန်ရှိသူတို့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ် (၂၂၀.၆၀၅)သန်းဖြင့် တင်ဒါအောင်မြင်သည့် တင်မြင့်ရီဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော အလျား (၇၅)ပေ၊ အနံ(၅၂)ပေ၊ အမြင့်(၂၆)ပေ RC (၂)ထပ် ခရိုင်မီးသတ်ဦးစီးဌာနရုံး တည်ဆောက်နေမှုကိုလည်းကောင်း၊ ပြည်နယ်ခွင့်ပြု ရန်ပုံငွေကျပ် (၁၂၈.၇)သန်းဖြင့် တင်ဒါအောင်မြင်သည့် သုံးယိင်းဟွား ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက် ရှိသော အလျား(၅၀)ပေ၊ အနံ(၄၀)ပေ၊ အမြင့်(၂၄)ပေ RC နှစ်ထပ် ခရိုင်ဥပဒေရုံး အဆောက်အဦကိုလည်းကောင်း၊ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ်(၄၀.၆၄၁)သန်းဖြင့် တင်ဒါအောင်မြင်သည့် မြဲမြသော်တာ ဆောက်လုပ်ရေး ကုမ္ပဏီမှ အမျိုးသမီးအိမ်တွင်းမှု သက်မွေးသင်တန်းကျောင်းတွင် တာဝန်ယူ ဆောင်ရွက်နေသော အလျား(၄၇၇)ပေ၊ အနံ(၇)ပေ အုတ်တံတိုင်း သံပန်းဖြင့် ခြံစည်းရိုးကာရံခြင်း၊ အလျား(၉၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၁၂)ပေ သင်တန်းသူအိပ်ဆောင်ကြမ်းခင်း ပြုပြင်ခြင်း၊ အုပ်ချုပ်မှုရုံး၊ စာသင်ဆောင်၊ ခန်းမဆောင် ဆေးသုတ်ခြင်းလုပ်ငန်းများကို လည်းကောင်း၊ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ် (၁၇၈.၂၀၀) သန်းဖြင့် ရွှေမိုင်းဆတ်ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသည့် အလျား (၁၀၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့် (၂၄)ပေ RC(၂)ထပ် မြို့နယ်ပညာရေးမှူးရုံးအဆောက်အဦ တည်ဆောက်နေမှုကိုလည်းကောင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် တာဝန်ရှိသူတို့က ဌာနဆိုင်ရာရုံး အဆောက်အဦများကို တာဝန်ယူတည်ဆောက်လျက်ရှိသော ကုမ္ပဏီအသီးသီးမှ တာဝန်ရှိသူတို့အား လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)