ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်  Mobile Market စျေးရောင်းယာဥ်များဖြင့် မီးဖိုချောင်သုံး စားသောက်ကုန်များရောင်းချ

ကြည့်မြင်တိုင် ဇန်နဝါရီ    ၂၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ သန့်ရှင်းလတ်ဆတ် သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား သင့်တင့်သော စျေးနှုန်းဖြင့် ပြည်သူများအလွယ်တကူ ဝယ်ယူ ရရှိနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်များအတွင်းသို့ကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရ သည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်အတွင်း သရက်တောတောင်ရပ်ကွက်၊ ဈေးကြီးအရှေ့၊ အနောက်ရပ်ကွက် ဗိုလ်သူရလမ်း  နေရာ များခွဲ၍ လှည့်လည်ရောင်းချရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့်သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ မှ ကြီးကြပ်၍ ဆောင်ရွက်ပေးခဲ့သည်။

ယခုကဲ့သို့ သား၊ ငါးနှင့် မီးဖိုချောင်သုံးစားသောက်ကုန်များကိုရပ်ကွက်များ အရောက် Mobile Market စျေးရောင်းယာဉ် များဖြင့် လှည့်လည်ရောင်းချပေးမှုအား  အလှည့်ကျ ဆက်လက် ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)