သရက်​ချောင်းမြို့ မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

သရက်ချောင်း ဇန်နဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီး သရက်​ချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ဇန်နဝါရီ ၁၉ ရက်နေ့ ညနေ ၅နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထို့သို့ကွင်းဆင်းစစ်​ဆေးရာတွင်မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးအရာရှိ ဦးသက်နိုင်လွင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထိုက်နှင့်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် သရက်ချောင်းမြို့ ပေါ်ရှိစက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ပြီး မီးဘေးလုံခြုံမှုရှိ/မရှိနှင့်မီးဘေးကြို တင်ကာကွယ်ရေး လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ထားမှုရှိ/မရှိတို့ကို ကွင်းဆင်း ကြည့်ရှုစစ်​ဆေးပြီးမီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

 မျိုးချစ်ဦး(ပြန်/ဆက်)