လောင်းလုံး ဇန်နဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ် ဦးစီးမှူးရုံးမှ ဦးဟိန်းကိုကိုနှင့် တာဝန်ရှိ သူများသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ခြေ (၂)လုံးအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခဲ့ပါသည်။
ထိုသို့ပေးအပ်ရာတွင် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၇)ဦး အတွက် (၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၁၄၇၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၁၄၇၀၀) ကျပ်နှင့် အိမ်ထောင်စု (၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၂)စုံ တို့အား ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
သိန်းသိန်း (ပြန်/ဆက်)