မိုင်းစံ ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့အတွင်း လက်ရှိတာဝန်ထမ်းဆောင် လျက်ရှိသော ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် များကို ဧပြီလ(၁)ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ရွေးချယ်ခန့်အပ် တာဝန်ပေး နိုင်ရန် ယနေ့နံနက်(၁၀)အချိန်က မိုင်းစံမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ပြည်သူများအား အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းစံမြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းနှင့် တာဝန်ရှိသူများက ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ၊ နည်းဥပဒေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အတွက် ဆောင်ရွက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများသို့ ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ချို(ပြန်/ဆက်)