ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု၊ ထီးတပလလူးထကျေးရွာတွင် ကျောင်းဝင်းခြံစည်းရိုးကာရန်ခြင်း လုပ်ငန်း (၈၀)ရာခိုင်နှုန်းပြီးစီး

ရှမ်းရွာသစ်     ဇန်နဝါရီ ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမကိန်း (တတိယနှစ်စက်ဝန်း)တွင် မဲသမူးကျေးရွာအုပ်စု ထီးတပလူးထကျေးရွာ အခြေခံပညာမူလတန်းကျောင်း ဝင်းခြံစည်းရိုး ကာရန်ခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ (၈၀)ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကျောင်းဝင်းခြံစည်းရိုးသည် လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ငွေကျပ် (၁၀၃၆၀၀၀၀/-)သိန်း ဖြင့် အရှည်(၆၈၀)ပေ၊ အမြင့် (၅)ပေရှိ ကျောင်းဝင်းခြံစည်းရိုး ကာရန်ခြင်းကို လုပ်ငန်းတာဝန်ရှိသူများတို့က သတ်မှတ်စံချိန်စံညွန်းနှင့်အညီ ပြည့်မီစေရေးနှင့် လုပ်ငန်းများနှောင့်နှေးကြံ့ကြာမှုမရှိစေရေးအတွက် အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ထိုလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ယခင်ကထက် ကျောင်းခြံ စည်းရိုး တင့်တယ်ကောင်းမွန်လာပြီး အမြင်အားဖြင့်များစွာ လှပလာမည်ဖြစ်ကြောင်း သိရှိရသည်။

ဝေဠု (ပြန်/ဆက်)