ဟားခါး ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် High Flow Nasal Cannula Machine (HFNC) ဝယ်ယူနိုင်ရန် အလှူငွေများ ပေးအပ်လှူဒါန်း

ဟားခါး ဇန်နဝါရီ ၂၁

ဟားခါး ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့က ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပေးအပ်ရာတွင် ဒေါက်တာ ဘွေကျင်းတီလ်(သားဖွားမီးယပ် အထူးကုဆရာဝန်) မိသားစုမှ ငွေကျပ်()သိန်း၊ ဒေါက်တာ ကျော်နိုင်ထွန်းအထူးကု ဆရာဝန် (ဆေးပညာ)မှ ငွေကျပ် ()သိန်းနှင့် ဒေါက်တာ မိုးကျော်အောင် လက်ထောက်ဆရာဝန် (သွားနှင့်ခံတွင်း)မှ ငွေကျပ်()သိန်း စုစုပေါင်း အလှူငွေကျပ် (၁၁)သိန်းကို ဟားခါးပြည်သူ့ ဆေးရုံကြီး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် High Flow Nasal Cannula Machine (HFNC) ဝယ်ယူနိုင်ရန် ပေးအပ် လှူဒါန်းခဲ့ကြရာ ဟားခါးပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ကိုကိုအောင်က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ဟားခါးပြည်သူ့ ဆေးရုံကြီး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အလှူရှင်များ အနေဖြင့် အလှူငွေများနှင့် ကျန်းမာရေး အသုံးအဆောင်ပစ္စည်းများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

အောင်ခွီရှိန်း၊ခရိုင်(ပြန်/ဆက်)