တနင်္သာရီမြို့နယ်တွင် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် လောင်စာဆီ(လက်လီ/လက္ကား) အရောင်းဆိုင် များ အား အသိပညာပေး စစ်ဆေးခြင်းဆောင်ရွက်

တနင်္သာရီ ဇန်နဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး ကော်မ တီ၏ လမ်းညွှန်မှုအရ မြို့နယ်အတွင်းမီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးဘးကြိုတင်ကာကွယ် ရေးအတွက် ယနေ့ နံနက်၉နာရီက ပူးပေါင်းအဖွဲ့ဖြင့် မီးလောင်လွယ်သည့် လောင်စာဆီ (ဓာတ်ဆီ/ဒီဇယ်ဆီ)(လက်လီ/လက္ကား)အရောင်းဆိုင်များအား အသိပညာပေးစစ်ဆေးမှုများပြုလုပ်ဆောင်ရွက်ကြောင်း သိရှိရသည်။

အဆိုပါပူးပေါင်းအဖွဲ့တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းသန်းထိုက်စိုး၊ မြို့မရဲစခန်းမှ ဒုရဲအုပ် သော်တာမျိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ချောင်းကြီးရပ်ကွက်ရာအိမ်မှူး ဦးနောင်ဘို၊ ချောင်းငယ်ရပ်ကွက်အုပ်ချုပ်ရေး မှူး ဦးအောင်စည်ဖြိုး တို့ပါဝင်ကြပြီး ချောင်းကြီးရပ်ကွက်နှင့်ချောင်းငယ်ရပ်ကွက်အတွင်း လက်လီ

/လက္ကားလောင်စာဆီ(ဓာတ်ဆီ/ဒီဇယ်ဆီ) အရောင်းဆိုင်ပိုင်ရှင်များကို လိုက်လံစစ်ဆေး၍ မြို့ပေါ် ရပ်ကွက် လမ်းများအတွင်း ရောင်းချခြင်းလုံးဝ(လုံးဝ)မပြုရန် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးကာ ခံဝန်လက်မှတ်ရေးထိုးစေခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှသိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)